ရောက်လာသူအပေါင်းကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ....

Wednesday, July 30, 2014

(၁၀)မြောက်အခမဲ့ ဆေးကုသမှုမှတ်တမ်း

ကျောက်ဆည် အင်းကုန်း ဇူလိုင် ၂၇
မစိုးရိမ် အရှင်ဗုဒ္ဓပီယ ဦးစီးတည်ထောင်ထားသည့်
ရွှေရောင်မျိုးဆက်သစ်ကျန်းမာရေး စောင့်ရှောက်မှု
ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသန့်နှင့်
မြန်မာနိုင်ငံဆရာဝန်များအသင်းအတွင်းရေးမှု
ဒေါက်တာစိုးဝင်းတို့ ဦးဆောင်၍ မန္တလေးမြို့
ကရုဏာလူမှုကူညီရေးအသင်း ဆရာဝန်၊ဆရာဝန်မများ
အသင်းသူအသင်းသားများ စဉ့်ကိုင်မြို့ဘီးလင်းရွာမှ
ဖြူစင်သေးလှူရှင်ပရဟိတလူငယ်များ ကျောက်ဆည်
အင်းကုန်း ရွှေစက်မှုပရဟိတလူငယ်များ မြစ်သားမြို့နယ်
မှပရဟိတလူငယ်များ အင်းကုန်းရွာမှ ရွှေရောင်မျိုးဆက်သစ်
ပရဟိတလူငယ်မောင်မယ်များ စုစုပေါင်းအင်အား ၁၀၀ ၀န်းကျင်
တို့သည် ကျောက်ဆည်မြို့ အင်းကုန်းကျေးရွာ ရွှေရောင်မျိုးဆက်သစ်
ကျောင်းတော်အတွင်း၌ ခွဲစိပ်လူနာ ၂၄ဦး၊သွားဘက်ဆိုင်ရာလူနာ
၈၀ဦး၊အထွေထွေရောဂါကုလူနာ ၃၉၆ဦးတို့ကို (၁၀)မြောက်အဖြစ်
အခမဲ့ဆေးကုသပေးကြသည်။
ဆေးကုသမှုအပြီးတွင် ရွှေရောင်မျိုးဆက်သစ် ဥက္ကဋ္ဌ ဆရာတော်
မစိုးရိမ်အရှင်ဗုဒ္ဓပီယမှ ကုသိုလ်ကောင်းမှုအစုစုကို ရေစက်ချတရား
ချီးမြှင့်ခဲ့သည်။
 




No comments: