ရောက်လာသူအပေါင်းကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ....

Monday, January 20, 2014

ရွှေရောင်မျိုးဆက်သစ်ကျန်းမာရေး ကူညီစောင့်ရှောက်မှု ပရဟိတဖောင်ဒေးရှင်းရဲ့ လေးကြိမ်မြောက် ဆေးကုသမှုအစီစဉ်ကို ယခုလ ဇန်န၀ါရီ ၂၆ ရက် တနင်္ဂနွေနေ့မှာ ကျောက်ဆည်မြို့နယ်၊ အင်းကုန်းစံပြကျေးရွာ ၊ ရွှေရောင်မျိုးဆက်သစ်ကျောင်းတော်တွင် အခမဲ့ ကုသိုလ်ယူဆေးကုသပေးမည်ဖြစ်ပါသည်။ လူနာ ၃၀၀ ကို နေ့လည်စာ ကျွေးမွေးကာ အထွေထွေရောဂါများ၊ သွားနှင့်ခံတွင်းရောဂါများ၊ ခွဲစိတ်ကုသခြင်းများကို ကုသိုလ်ပြု ကုသပေးကြမည် ဖြစ်ပါသည်။ ဆရာဝန်ကြီးများ သူနာပြုများ အကျိုးဆောင်များ အလှူရှင်များအား ကားကြိုပို့ပေးမည် ဖြစ်ပါသည်။ ရွှေရောင်မျိုးဆက်သစ်ဆရာတော် မစိုးရိမ်အရှင်ဗုဒ္ဓပီယ နှင့်အတူ ပရဟိတလုပ်ငန်းများ ပျော်ရွှင်စွာ ဆောင်ရွက်နိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

No comments: