ရွှေရောင်မျိုးဆက်သစ်ကျန်းမာရေးပရဟိတဖောင်ဒေးရှင်းအကျိုးဆောင်များသို့ သိစေအပ်ပါသည်။
ယခုလ ဖေဖေါ်ဝါရီလ ဆေးကုသရက်သည် (၂၃-၂-၂၀၁၄) တနင်္ဂနွေနေ့ ဖြစ်ပါသည်။
မစိုးရိမ်အရှင်ဗုဒ္ဓပီယနှင့်အတူ အများကောင်းကျိုး ပျော်ပျော်ကြီး ဆောင်ရွက်သည်ပိုးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ရွှေရောင်မျိုးဆက်သစ်ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဝင်းသန့်နှင့်အတူ လိုက်ပါကုသ ကုသိုလ်ယူကြမည့် ဆရာဝန်များ၊
သူနာပြုဆရာမကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျိုးဆောင်များ၊ အလှူရှင်များအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျောက်ဆည်မြို့နယ်၊ အင်းကုန်းစံပြရွာ ၊ ရွှေရောင်မျိုးဆက်သစ်ကျောင်းတော်သို့ လိုက်ပါကုသကုသိုလ်ယူကြသော နှလုံးလှဆရာဝန်များ၊ သူနာပြုများ၊
နှင့်ကျန်းမာရေးဝန်ထမ်းများ၊ အကျိုးဆောင်များနှင့် အလှူရှင်များအား ဆရာတော်မှ များစွာဂုဏ်ယူဝမ်းမြောက်စွာ ကျေးဇူးတင်ပါသည်။
လစဉ်လှူဒါန်းကြသော အလှူရှင်များနှင့် လစဉ်အကျိုးဆောင်ပေးကြသော လူကြီးမင်းတို့၏ ပရဟိတနှလုံးသားများကို များစွာ လေးစားကြည်ညိုမိပါသည်။
ယခုလတွင်လည်း အတ္တကင်းစင်သော ခန်းနားသော နှလုံးသားများဖြင့် လောကကို အလှဆင်ကြပါစို့ ဟု
ရွှေရောင်မျိုးဆက်သစ်အဖွဲ့သားများအား တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
မစိုးရိမ်-အရှင်ဗုဒ္ဓပီယ (၀၉၂၂၁၀၁၅၂)
No comments:
Post a Comment